M

စက္ကန့် နဲ့ အမျှ...

" ဟင်းကောင်း စားရရင်
အချစ်ဆုံး သူတွေ ကို သတိရ.... " ဆိုသလိုပဲ
ကိုယ့်ရှေ့က ထမင်းပေါင်းကိုကြည့်ရင်း
ကိုယ် သတိရနေတာပါ အဝါ..... ။
" ဝက်လက်ထမင်းပေါင်း... စားလေ " လို့
မင်းသာ ကိုယ့်အနားရှိ
မင်းကို မကျွေးရလား
ဝက်သားကြိုက်တဲ့ အဝါ..... ။
တို့နှစ်ယောက်
ဝက်သား ကြိုက်တာချင်း တူ
ကော်ဖီ ကြိုက်တာချင်း တူ
အဝါရောင် ကြိုက်တာချင်း တူ
My love သီချင်း ကြိုက်တာချင်း တူ
I need your love သီချင်း ကြိုက်တာချင်း တူ
ငြိမ်းချမ်းရေး လိုချင်တာချင်းလည်း တူ
စိတ်ချင်း ၉၀ % တူကြတာ ထူးခြားတယ် နော် အဝါ..... ။
သေချာတယ် ဒါဟာ
ဘုရား ပေးတဲ့ဆု
သံသရာ အဆက်ဆက်က တောင်းခဲ့တဲ့ ဆု
နောင်သံသရာအတွက် လည်း ထပ်တောင်းဦးမယ့်
ဒီဆု
အခု ဘဝလည်း မြဲမြဲခိုင်မယ် အဝါ..... ။
အခုတော့ ကဝ်ကီဖဝ် ရေ...
မင်းက ဇွဲကပင်တောင် အရိပ်မှာ
ငါက ရွှေတိဂုံစေတီတော် အရိပ်မှာ
" ယု အဲ့ဏ်ု လေ့သာဖှ် ၊ ကဝ်ကီဖဝ်... " လိုသာ
စိတ်မှာမြည်တမ်း လွမ်းနေတယ် အဝါ..... ။
19 April 2019
Friday at 1:50 pm
-------------------------
Man Thit Noe
-------------------------
©manthitnoe