M

ODE TO YELLOW

ငါ့အလွမ်း သိပ်သည်းဆ အလိုက်
မင်း အပေါ် ချစ်ခြင်းသက်ရောက်တယ်
" မင်းလမ်း " ဟာ
ငါ့ ချစ်ခြင်း ဖြစ်တည်ရာ အောင်မြေ
" ကြက်ဥကြော် နဲ့ ထမင်းဖြူ " ဟာ
ငါ့ ချစ်ခြင်း ဖြစ်ရာ အာဟာရ
" ကော်ဖီချိုချိုတစ်ခွက် " ဟာ
ငါ့ ချစ်ခြင်း အတွက် အရင်းအမြစ်
သည်လိုနဲ့
မင်းမျက်ဝန်းထဲ
ငါ အိပ်ပျော်ခဲ့ အခါခါ
မင်း အပြုံးထဲ
ငါ လွင့်မျောခဲ့ အခါခါ
မင်း စကားသံထဲ
ငါ နစ်ကျွံခဲ့ အခါခါ
ကိုယ့်ရို့ကားယားနဲ့
ငါ့အချစ်တွေ စနစ်တကျ ဖြစ်တည်ခဲ့ပါတယ်
အခုတော့
စက္ကန့် မိနစ်တွေဟာ
ဝေးလွင့်ခြင်းကို ဖန်တီး
မင်း နဲ့ ဆုံစည်းရမယ့် နေ့ အတွက် ရင်ခုန်
လိုင်းပေါ်မှာ လွမ်းကြောင်းပြောရတာ
အရသာ မရှိဘူး ရယ်..... ။ ။
16 July 2019
Tuesday, at 9:49 am
-------------------------
Man Thit Noe
-------------------------
©manthitnoe